Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

Dynasty Warriors က ပြောပြခဲ့တဲ့ ‘ လေ့လာခြင်း ‘ အကြောင်း

စနစ်ကျတဲ့ ပညာရေးဆိုတာ ဗဟုသုတတွေကို အချိန်ဇယားအတိုင်း အတင်းတွန်းထည့်ပေးတဲ့ ‘Push Architecture’ တစ်ခုပါ။ ဒါပေမယ့် စစ်မှန်တဲ့ တတ်မြောက်မှုကတော့ ကိုယ့်အတွက် လိုအပ်နေတဲ့ ကွက်လပ်ကို ကိုယ်တိုင်ရှာဖွေဖြည့်ဆည်းတဲ့ ‘Pull Architecture’ ကနေပဲ လာတာပါ။ PS2 ဂိမ်းစက်လေးတစ်ခုနဲ့ Dictionary တစ်အုပ်ကနေ AI Lead တစ်ယောက်ဖြစ်လာတဲ့အထိ ကျတော့်ကို လမ်းပြခဲ့တာကတော့ ဒီလို ‘လိုအပ်ချက်’ တွေပါပဲ။

၂၀၂၆ မတ် ၅3.5 မိနစ် ဖတ်ရန်
Dynasty Warriors က ပြောပြခဲ့တဲ့ ‘ လေ့လာခြင်း ‘ အကြောင်း

Dynasty warriors ကပြောပြခဲ့တဲ့ ‘ လေ့လာခြင်း ‘ အကြောင်း - နောက်ပြီး system တွေအကြောင်း


PS2 ကိုအမဝယ်ပေးခဲ့တုန်းကကျတော့်အသက်၁၁နှစ်။

အချို့အတွက်တော့ရီစရာကောင်းနေမလားမသိပေမယ့်ကျတော့်မွေးရပ်မြေလို့မြို့လေးအတွက် ps2 ဆိုတာအများစုကဂိမ်းဆိုင်တွေမှာပဲရှိတဲ့အနေအထားပါ။

ဒါကထားတော့။

ပထမဆုံးကျတော်စပြီးဆော့ဖြစ်တဲ့ဂိမ်းက dynasty warriors 5 .


အများစုကတော့ဒီဂိမ်းကိုဆော့တာကချဖို့ခုတ်ဖို့ထစ်ဖို့ .
ကျတော်ကတော့ဇာတ်ကြောင်းပြောပြတာကိုနားထောင်ဖို့ဆော့ခဲ့တာ။


ဇာတ်ကောင်တကောင်ရဲ့ story အပြီးမှာနောက်ခံဇာတ်ကြောင်းပြောပြသူကအဲ့ဒီဇာတ်ကောင်အကြောင်းပြောပြတယ်။

သုံးပြည်ထောင်မှာဒီဇာတ်ကောင်ရဲ့ပါဝင်ပက်သက်မှုအကြောင်းသူတို့ဘဝတွေအကြောင်း

ဇာတ်ကြောင်းပြာတဲ့သူရဲ့အသံကနားထောင်လို့ကောင်းသလိုဇာတ်လမ်းတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။

ပြောတာနားထောင်နေပေမယ့်အင်္ဂလိပ်စာကသိပ်နားမလည်၊
ဒီတော့ dictionary တအုပ်ကိုကိုင်ပြီးဇာတ်လမ်းတခုအပြီးမှာသူပြောပြနေတဲ့ပုံပြင်တွေ legend တွေသမိုင်းတွေအကြောင်းကိုစိတ်ဝင်တစားလေ့လာနားလည်အောင်လုပ်ခဲ့တယ်။


အင်္ဂလိပ်စာလေ့လာနေခဲ့တာမဟုတ်ဘူးနော်။
ဆော့နေတဲ့ဂိမ်းရဲ့ဇာတ်လမ်းကိုအဓိကနားလည်ချင်ခဲ့ရုံပဲ။

မြို့မှာလုပ်တဲ့အင်္ဂလိပ်စာပြိုင်ပွဲကိုဝင်ပြိုင်တော့ကျတော်ကစနစ်တကျလေ့ကျင့်မထားသူ။

မြို့သေးသေးလေးမှာမှကျောင်းသေးသေးကကျောင်းသား၊

တခြားဝင်ပြိုင်သူတွေက essary တွေကို tutor တွေ guide တွေနဲ့စနစ်တကျလေ့လာထားကြတဲ့သူတွေ၊

ကျတော်ရေးခဲ့တဲ့ essay က grammar အမှားတွေများတယ်ဒါပေမယ့်ကိုယ်ပိုင်တော့ဆန်တယ်၊
ဒါပေမယ့်စကားပြောမှာအောက်ကနားထောင်နေတဲ့သူတွေအကုန်ပါးစပ်အဟောင်းသားဖြစ်အောင်အသက်၁၁မှာလုပ်နိုင်ခဲ့တယ်။

ကျတော်ပြောရတဲ့အကြောင်းကရှင်းရှင်းလေးပါသွားခဲ့ဖူးတဲ့ခရီးတခုအကြောင်း

ဒါပေမယ့်အဲ့ essay ကိုပြောနေတဲ့အချိန်မှာကျတော်ကသာမန်ကျောင်းသားမဟုတ်နေဘူး။
သုံးပြည်ထောင်ရဲ့ရေမြေအလှအပတွေကိုခံစားဖူးသူ

ဖြစ်ခဲ့တဲ့စစ်ပွဲတွေကိုကိုယ်တိုင်ကြုံဖူးလို့တကယ်ပြောပြနေသူ။

ဂိမ်းထဲကဇာတ်ကြောင်းပြောသူရဲ့အသံနဲ့စတိုင်ကိုထပ်တူနီးပါးကျတော်ပြောတယ်။
တခါတခါကျတော်ပြောတဲ့စာကြောင်းကဘာဖြစ်လို့ဖြစ်သွားမှန်းကျတော်မသိ , အောက်ကဆရာတွေလည်းသိမယ်မထင်။

ဒီလိုနဲ့နောက်နှစ်တွေမှာပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေရခဲ့တဲ့ဆုတွေ … ဆယ်တန်းမှာ 82 မှတ်ရခဲ့တဲ့အင်္ဂလိပ်စာ ..

တက္ကသိုလ်ရောက်တော့လည်းပြိုင်ဖြစ်နေဆဲဆုရခဲ့တုန်းပါပဲ။


အဲ့ဒီတော့ learning နဲ့ပတ်သက်လို့ dynasty warrior ကနေဘာတွေသင်ခဲ့ရလဲ?

အဲ့တုန်းကကျတော့်မှာ objective တခုရှိတယ်၊
ဘာလဲ ?​ ဇာတ်လမ်းနားလည်ဖို့.

Dictionary နဲ့တခြားစာအုပ်တွေကဒီရည်ရွယ်ချက်ကိုပြီးမြောက်အောင်လုပ်ဖို့သုံးတဲ့ tool တွေသပ်သပ်ပဲ။

စာမေးပွဲမဟုတ် , english စာပိုကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးမဟုတ် , စနစ်တကျလေ့လာခဲ့တဲ့သင်ရိုးလည်းမဟုတ်

ကိုယ့်အတွက်အရေးပါတာကိုနားမလည်လို့နားလည်ဖို့ကြိုးစားခဲ့တဲ့အသက်၁၁အရွယ်ကလေးတယောက်ပဲ။


နောက်ပိုင်းအချိန်တွေကြာအခုကျတော်က AI Engineer, Software engineer , architect ဒီလိုဖြစ်လာတဲ့အခါအထိကျတော်အသစ်တခုခုလေ့လာတိုင်းမြန်မြန်ဆန်ဆန်လေ့လာနိုင်တုန်းပါပဲ။ ( ပျင်းနေတဲ့ကာလတွေကိုထည့်မပြောကြေး )

စနစ်ကျတဲ့လေ့လာမှုနဲ့ education ဟာ push architecture ဖြစ်တယ်။

သင်ရိုးတွေပါတယ်အချိန်ဇယားတွေပါတယ်လေ့လာသူကလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေသင်ဖို့အချိန်ရောက်ရင်သင်ကိုသင်ရမယ်။

ဒီ architecture ရဲ့ရည်ရွယ်ချက်က ‘ စနစ်တကျပုံမှန်ခေါင်းထဲထည့်ပေးသွားရင်အချိန်ကြာတာနဲ့မြန်တာပဲဖြစ်မယ် , တချိန်ချိန်မှာနားလည်မှုရှိကိုရှိမယ် ‘

dynasty warriors ဖြစ်စဥ်က pull architecture .
မဖြစ်မနေလိုနေတဲ့ဖြေရှင်းဖို့လိုတဲ့ကွက်လပ်တခုရှိတယ်။
ဒီကွက်လပ်ကိုဖြည့်ဖို့လိုတဲ့ဟာကိုချက်ချင်းသင်ယူပြီးအသုံးချတဲ့။

သိပ်မကြာခင်ဖြည့်ဖို့လိုတဲ့နောက်ကွက်လပ်တခုပေါ်လာတယ် , ဒီလိုနဲ့လည်ပတ်နေတယ်။

dynasty warrior အပြီးပေါ်လာတဲ့ကွက်လပ်ပေါင်းအများကြီးပါကျတော့်အတွက်က

မူရင်းစာအုပ် romance of the three kingdoms ကိုဖတ်ကြည့်ချင်တယ်
subtitle မပါတဲ့ god of war ကိုနားမလည်လို့ listening တိုးတက်ချင်တယ်

Dota item တွေမဆက်တတ်လို့ item description တွေကိုဖတ်ကြည့်ချင်တယ်

တက္ကသိုလ်ရောက်တဲ့စာဖတ်ပြရတဲ့အလုပ်ကိုသေချာလုပ်ချင်တော့ classic novel တွေပါဖတ်နိုင်တဲ့ level ရောက်ချင်တယ်။

( ပထမဆုံးရတဲ့လစာနဲ့အသက်၁၈မှာဝယ်ခဲ့တာက romance of the three kingdoms စာအုပ် , တအုပ်ကိုစာမျက်နှာထောင်ကျော်တဲ့လေးအုပ်တွဲ )


နောက်တော့ရည်းစားစာကိုအထာကျကျပေးချင်လို့ web development လေးလုပ်ချင်လို့ html ဖြည့်ဖို့လိုလာတယ်

Card ကလေးကိုနှိပ်ရင်အသဲလေးထွက်တာလိုချင်လို့ css, javascript လိုအပ်လာတယ်

Python , C , Java , Sql , security , အခုတော့ AI , ML နဲ့ ဂျပန်စာ


ဖြည့်ဖို့လိုခဲ့တဲ့ကွက်လပ်တွေ , ဖြည့်ခဲ့ပြီးတဲ့ကွက်လပ်တွေ , ဖြည့်ရဦးမယ့်ကွက်လပ်တွေ။

ကျတော်သိတဲ့တော်လှတဲ့ engineer တွေဟာလည်းစနစ်တကျထက်သူတို့လိုအပ်နေတဲ့ကွက်လပ်တွေကိုရတဲ့နည်းနဲ့ဖြည့်ခဲ့သူတွေသာဖြစ်တယ်။


နောက်ပိုင်း lead လုပ်တဲ့အခါမှာလည်းလူတွေရဲ့ခေါင်းထဲကို knowledge တွေထည့်ပေးဖို့မကြိုးစားတော့ဘူး။

သူတို့ကိုမသိမသာတကယ်သူတို့အတွက်အရေးပါတဲ့ဖြည့်ဖို့လိုအပ်တဲ့ကွက်လပ်လေးတွေဖန်တီးပေးလိုက်တယ်။

နောက်ပြီးနောက်ကွယ်ကနေခပ်ပြုံးပြုံးပဲကြည့်နေလိုက်တယ်။


Pull beats push. In RAG systems. In learning. In most things.


Ps2 game တခုကရခဲ့တဲ့သင်ပေးခဲ့တဲ့အချက်ပေါ့ , စကားလုံးတွေနဲ့မပြောတတ်ခဲ့ပေမယ့်။


အဲ့ဒီတော့စာဖတ်သူအနေနဲ့ကော ?


ဖြည့်ရမယ့်ကွက်လပ်လေးတွေရှိလား?


မိတ်ဆွေရဲ့ dynasty warriors က ဘာလဲ?

AI

Soe Lwin Htun

owner