Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

လူတစ်ယောက်ကိုချစ်မိဖို့ အချိန်ဘယ်လောက်ကြာသလဲ

လူတစ်ယောက်ကို လေးလထက်ပိုပြီး သဘောကျရင် အချစ်ဖြစ်သွားတယ်ဆိုတဲ့ ဆိုရိုးစကားဟာ မှားယွင်းနေပါတယ်။ အချိန်အကြာကြီး စွဲလမ်းမှုဟာ ကျွန်တော်တို့ရဲ့ စိတ်ကို လှည့်စားတတ်ပါတယ်။ တကယ်ချစ်မိသွားတယ်ဆိုတာ အချိန်ကာလနဲ့ မဆိုင်ဘဲ၊ ကိုယ့်ကိုကိုယ်ထက် သူ့ကို ပိုပြီး ဦးစားပေးလာတဲ့အချိန်သာ ဖြစ်ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီ ၉3 မိနစ် ဖတ်ရန်
လူတစ်ယောက်ကိုချစ်မိဖို့ အချိန်ဘယ်လောက်ကြာသလဲ

လူတစ်ယောက်ကို သဘောကျမိတာ လေးလထက်ပိုကြာသွားရင် အချစ်ဆိုတဲ့ နာမည်ကျော် ဆိုရိုးစကားတစ်ခုရှိတယ်။ ဒါပေမယ့် ဒါဟာ မမှန်ပါဘူး။ ဒီယူဆချက်ဟာ အရင်ကတည်းက ရှိနေတာ အတော်ကြာပြီဖြစ်ပြီး သိပ္ပံပညာနဲ့ စိတ်ပညာကြားက ကွဲလွဲမှုတစ်ခုပေါ့။

တကယ့်တကယ်တော့ သဘောကျတာ လေးလထက်ကျော်သွားရင် မသိစိတ်က "ငါသူ့ကို သဘောကျမိနေတာကြာပြီ၊ ချစ်များချစ်နေပြီလားမသိဘူး" ဆိုတဲ့ အတွေးဝင်လာပါတယ်။ အဲ့ဒီအတွေးဟာ ဦးနှောက်ကို ရောက်သွားတာမို့ လေးလထက်ကျော်အောင် သဘောကျနေပြီဆိုရင် အဲ့ဒီလူကို မေ့ဖို့က ခက်ခဲသွားပါတယ်။

လူတစ်ယောက်ကို သဘောကျတာ တစ်လနှစ်လကြာတယ်၊ ဒါပေမယ့် လက်လျှော့လိုက်တယ်။ ပြီးတော့ ကိုယ့်ဘဝကို ပြန်လည်ပတ်ဖို့ ကြိုးစားကြတယ်၊ မေ့ပစ်နိုင်လိုက်ကြတယ်။ ဒါဟာလွယ်ပါတယ်။ ဒါပေမယ့် လေးလထက်ကြာအောင် သဘောကျမိတဲ့သူကျတော့ မသိစိတ်ရဲ့ လှည့်စားမှုကြောင့် မေ့ပစ်ဖို့က သာမန်ထက်ပိုခက်ကြပါတယ်။

အငြင်းခံရမှာ ပိုကြောက်လာတယ်။ စိုးရိမ်စိတ်တွေပိုကြီးလာတယ်။ မဖြစ်နိုင်တဲ့သူကိုသာ သဘောကျနေမိရင် ပိုပြီးတော့ နာကျင်ရလာကြတယ်။

ဒါပေမယ့် ဒါဟာ အချစ်လား။ မေးစရာရှိလာတယ်။

ပထမတစ်ခုပြောချင်တာက ရင်ခုန်တာဟာ အချစ်မဟုတ်ဘူးဆိုတာပါပဲ။ ဒါကတော့ ပညာရှင်တွေ အမြဲတမ်းသတိပေးတဲ့ စကားပါ။ လူတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဘက်လိင်နဲ့ လူတစ်ယောက်နဲ့ နီးကပ်နေရင် ရင်ခုန်လာတတ်ကြတယ်။ အလားတူပဲ အထိအတွေ့တွေ၊ ခနတာ ပျော်စရာတွေ၊ ဟာသတွေကလည်း ရင်ခုန်စေတယ်။ ဒီအရာတွေဟာ ကျွန်တော်တို့တွေကို ချစ်သွားတာလားဆိုပြီး အတွေးဝင်အောင် လုပ်မိစေပါတယ်။

(ဒီအကြောင်းကို ရေးရင်တော်တော်ရှည်ဦးမယ် နောက်ကျရင်တော့ ရေးပါဦးမယ်။)

ပြောချင်တာက အချစ်ဆိုတာ အချိန်တွေ၊ နီးစပ်မှုတွေ အပါအဝင် ဘာနဲ့မှ သေချာတိုင်းတာလို့ မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တကယ့်အချစ်ဆိုတာ ချစ်မိခြင်းရဲ့ နောက်ဆုံးအဆင့်မှာ ကြုံရတတ်တဲ့ unconditional love လို့ခေါ်တဲ့ အကြွင်းမဲ့ချစ်ခြင်းဖြစ်ပါတယ်။

တစ်ချို့လူတွေအတွက် လူတစ်ယောက်ကို ချစ်မိဖို့ က လေးစက္ကန့်နဲ့ ငါးစက္ကန့်ကြားမှာပဲကြာပါတယ်။ တစ်ချို့အတွက်တော့ နှစ်အကြာကြီးနေမှ ချစ်မိသွားတာတွေလည်းရှိတယ်။ Love at first sight ဆိုတဲ့ မြင်မြင်ချင်းအချစ်တွေရှိသလို၊ နေ့တစ်ရက်ချင်း အချိန်တစ်စက္ကန့်ချင်း သူနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုလိုက်ပြီး ဖြည်းဖြည်းချင်း ဖြစ်တည်လာတဲ့ ချစ်ခြင်းတွေလည်းရှိပါတယ်။

လူတစ်ယောက်ကို အကြာကြီး crush တာဟာ ကျွန်တော်တို့ရဲ့ စိတ်ကို လှည့်စားပါတယ်။ ဒါကိုသိထားပါ။ တကယ်ချစ်မိသွားတဲ့အခါ ဘယ်အချိန်မှန်း ဘယ်တုန်းကမှန်း သတိထားလိုက်မိမှာမဟုတ်ပါဘူး။

လူတစ်ယောက်ကို ချစ်မိကြောင်း သေချာသွားတဲ့ အချိန်ဟာ ကိုယ့်ကိုကိုယ်ထက် သူ့ကို ပိုပြီး အလေးထားလာတဲ့ အချိန်ပါပဲ။

AI

Soe Lwin Htun

ownder