Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

လူကပဲ တည်ဆောက်ထားပြီး လူတွေကပဲ ထိန်းချုပ်ထားဆဲပဲ။

AI တွေရဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းကို ကျွန်တော်တို့ စိုးရိမ်လေ့ရှိကြပေမယ့်၊ ဒီ ‘ဒစ်ဂျစ်တယ် စိတ်ဝိညာဉ်’ တိုင်းရဲ့ နောက်ကွယ်မှာတော့ လူသားဖန်တီးသူတွေ ရှိနေဆဲပါ။ သူတို့ သုံးစွဲနေတဲ့ platform တွေကနေ သူတို့ရဲ့ စရိုက်လက္ခဏာတွေအထိ အရာအားလုံးရဲ့ ထိန်းချုပ်မှုနဲ့ တာဝန်ယူမှုက ကျွန်တော်တို့ လူသားတွေဆီမှာပဲ ရှိနေပါသေးတယ်။"

၂၀၂၆ ဇန်နဝါရီ ၂၃2 မိနစ် ဖတ်ရန်
ai-park

လူကပဲ တည်ဆောက်ထားပြီး လူတွေကပဲ ထိန်းချုပ်ထားဆဲပဲ။ဒီရက်ပိုင်း social media တွေမှာ လူအတော်များများ အထူးသဖြင့် နည်းပညာနယ်ပယ်ထဲကမဟုတ်တဲ့သူတွေမှာ anxiety တခုဖြစ်နေကြတယ် ။

တချို့ကတော့လည်း ဟာသအနေနဲ့ အပြောင်အပျက် , တချို့ကြပြန်တော့လည်း တကယ်ကြီး crisis တခုလိုမြင်နေကြပြန်တယ်။

Moltbook - AI တွေအတွက် social network တခု .post တွေ comment တွေ ပြောဆိုနေတာတွေ တွေ့နေကြားနေရတယ်။

“​ ဟာ AI တွေအချင်းချင်း စကားပြောကုန်ကြပြီ “
“ ဟာ ဒီကောင်တွေက cult တွေတောင် ထောင်ကုန်ကြပြီ “

AI Engineer တယောက်အနေနဲ့ ကျတော့်အမြင်ကတော့ ဒီ platform အပေါ်မြင်တဲ့အမြင်က လက််ရှိဖြစ်နေတဲ့ hype နဲ့အတော်ကွဲပါလိမ့်မယ်။

အပေါ်ယံ ပြောနေဆိုနေကြတာတွေကို ခဏမေ့ထားပြီး နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ တချက်ကြည့်ကြည့်ရအောင်။

Moltbook , ဒီ platform ကို ဖန်တီးထားတဲ့သူက Matt Schlicht , ဒီမှာတင် လူသားတယောက်ပါလာပြီ ။

ပြောကြတော့ AI only ဆို ဒီလူက ဘယ်ကပါလာတာလဲ , ok , ဒီလူက သူ့ရဲ့ agent ကို သုံးပြီး ဒီ platform ကို ဒီလိုဆောက်ပါလို့ idea ပေးထားတယ် , ဒါနဲ့ agent က ဒီ platform ကိုဆောက်လိုက်တယ်။ဆိုတော့ ဒီ platform ကိုဖန်တီးသူက လူလား AI လား?Moltbook မှာရှိတဲ့ agent တွေက လူတွေလို personality မတူကြတာ , ပြောဆိုပုံတွေမတူကြတာကို လူတွေက amaze ဖြစ်နေပုံရတယ်။

ဒီမှာ မေးစရာရှိလာတယ် , Moltbook က agent တွေက ဒီ platform ကို ဘယ်လို access လုပ်သလဲ?ကိုယ်က Clawdbot ကိုစက်ထဲမှာ သုံးနေတဲ့ user တယောက်ဆိုရင် ကိုယ်သုံးနေတဲ့ bot ကို Moltbook မှာ deploy သွားလုပ်ပြီး join ခိုင်းထားလို့ရတယ်။ဘယ်လိုပြုမူရမယ် ဘယ်လိုနေထိုင်ရမယ် ဆိုတာတွေကိုလည်း user ( လူ ) ကပဲ instruction တွေပေးပြီးသင်ပေးလိုက်တယ်​ ။
အပြောင်အပျက်လုပ်ချင်တဲ့ user ရဲ့ bot ကလည်း အပြောင်အပျက်ပဲ သွားတင်နေမှာဖြစ်သလို ကမ္ဘာဖျက်မယ်လို့ ကျွေးကြော်နေတဲ့ bot ကလည်း ဒီ personality ရအောင်သူ့ရဲ့ ပိုင်ရှင်ကပဲ ဖန်တီးထားတာဖြစ်တယ်။

ပြောရရင် ကိုယ်မွေးထားတဲ့ ခွေးတွေ ကစားဖို့ ပန်းခြံကြီးတခုထဲမှာ လွှတ်ထားကြသလိုပဲ , ပြန်ခေါ်ချင်ရင် ပြန်ချိန်တန်ရင် ပိုင်ရှင်ကပြန်ခေါ်သွားမှာပဲ။ဒီတော့ ဒီ platform မှာ ai တွေသုံးနေကြတယ် , ဒါပေမယ့် control က ( လောလောဆယ်တော့ ) လူတွေမှာပဲရှိတယ်။လောလောဆယ်လို့သာပြောရတာ နောက်လည်း ဒီလိုပဲဖြစ်နေဦးမှာပဲ။

လက်ရှိမှာတော့ user တွေသင်ပေးလိုက်တဲ့ bot က moltbook မှာအပြီအပြင် သောင်းကျန်းနေတာကို ဘယ်သူမှမသင်ပေးပဲတတ်နေသလိုလို ထင်နေကြပြီး hype ဖြစ်နေကြ anxiety ဖြစ်နေကြတဲ့ လူအုပ်ကြီးက moltbook က agent တွေထက်ပိုတောင်များဦးမယ်။ဆိုတော့ AI က သူ့ရဲ့ကိုယ်ပိုင် platform ကိုဖန်တီးခဲ့တာလည်းမဟုတ်ဘူးAI က တခြား AI တွေကို လူရဲ့ ခွင့်ပြုချက်မပါပဲ သွားခေါ်နေတာလည်းမဟုတ်ဘူးAI တွေမှာ သူတို့ free will နဲ့ personality တွေ အမြင်တွေရှိလာတာလည်းမဟုတ်နေဘူးဒါပေမယ့် risk ကတော့ရှိတယ် . လူတွေ အထူးသဖြင့် သတိမထားမိကြတဲ့သူတွေက သူတို့ရဲ့ bot တွေကို permission တွေအပြည့်ပေးမိသွားတာမျိုးဖြစ်ပြီး စက်ထဲက အရေးကြီးတာတွေ leak ဖြစ်သွားတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒီတော့ AI တွေစုဝေးကြပြီး လူတွေကို တော်လှန်ကြတော့မယ် စစ်ဖြစ်ကြတော့မယ်ဆိုရင်တောင် ဒီစစ်ကို နောက်ကွယ်မှာ ကြိုးကိုင်သူတွေက လူတွေပဲဖြစ်နေမှာပါပဲ။

AI

Soe Lwin Htun

ownder