Ink & Signal logoSignal & Soul

Psychology, philosophy, romance, poetry, and AI under one personal roof.

HomeTopicsAbout
PsychologyPhilosophyRomancePoetryAI Systems
Back

အရှားပါးဆုံး ဇိမ်ခံပစ္စည်း

အချစ်ကို နှလုံးသားကလာတယ်လို့ ဆိုကြပေမယ့် တကယ်တော့ ဦးနှောက်က ဖန်တီးတဲ့ ရူးသွပ်မှုတစ်ခုပါ။ သိပ္ပံနည်းကျ dopamine တွေအကြောင်း ရှင်းပြနိုင်ပေမယ့်၊ နာကျင်ရရင်တောင် ဆက်ချစ်နေမိတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှ မရှင်းပြနိုင်ပါဘူး။ စစ်မှန်တဲ့အချစ်ဆိုတာ ဘဝရဲ့ အရှားပါးဆုံး ဇိမ်ခံပစ္စည်းတစ်ခုပါပဲ။

၂၀၂၂ မတ် ၂3 မိနစ် ဖတ်ရန်
အရှားပါးဆုံး ဇိမ်ခံပစ္စည်း

အချစ်ဆိုတာ အများစု သိထားသလို၊ ကဗျာတွေ စာတွေ ဂီတတွေမှာ ဖွဲ့ဆိုကြသလိုမျိုး နှလုံးသားကလာတယ်ဆိုတာ တကယ်ပဲလား။

လူတော်တော်များများကလည်း ချစ်မိတဲ့အခါ၊ အချစ်ကို ခံစားမိတဲ့အခါ ဦးနှောက်မှာ ဘာဖြစ်သလဲဆိုတာ စိတ်မဝင်စားကြဘူး။ ဟုတ်တယ်လေ၊ ဒဏ္ဏာရီထဲက မြှားနတ်မောင် ချိန်ပစ်တဲ့နေရာက နှလုံးသားလေ၊ ဦးနှောက်မှ မဟုတ်တာ။ ချစ်မိတဲ့အခါမှာ အဓိက ပြောင်းလဲမှုဖြစ်တာကလည်း နှလုံးခုန်တာပဲ မလား။

ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက—ချစ်တယ်ဆိုတာ နှလုံးသားနဲ့တော့ သိပ်မဆိုင်ပါဘူး။ နှလုံးသားဟာ အချစ်အပါအဝင် တခြားခံစားချက်တွေ ဖြစ်လာရင် တိုက်ရိုက်သက်ရောက်တဲ့ နေရာပါ။ ဒါပေမယ့် ဒါတွေအားလုံးကို ထိန်းချုပ်ထားတာက ဦးနှောက်ပါ။

ထပ်ပြီး တိတိကျကျ ပြောရရင် ခံစားချက်အားလုံးကို ခွဲခြားပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို Amygdala လို့ ခေါ်ပါတယ်။ "Emotional Coding Center" လို့လည်း ခေါ်ကြပါသေးတယ်။ သူကတော့ ဖြစ်ရပ်တစ်ခုခုကို ဘယ်ဟာက ဝမ်းနည်းစရာ၊ ဘယ်ဟာက ပျော်စရာဆိုပြီး ခွဲပေးတဲ့အလုပ်ကို လုပ်တယ်။ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း ပါဝင်ပတ်သက်နေပါသေးတယ်။

ခံစားချက်တစ်ခု ဖြစ်လာတဲ့အခါ အဓိက တုံ့ပြန်ရတာဟာ နှလုံးပါ။ ဥပမာ - ကျွန်တော်တို့ လမ်းလျှောက်မယ်လို့ စိတ်ကူးတဲ့အခါ ဦးနှောက်က အရင်သိတယ်။ ပြီးမှ လမ်းလျှောက်ဖို့ ခြေထောက်ကို အမိန့်ပေးတယ်။ ခံစားချက်တွေကိုလည်း ဦးနှောက်ကပဲ ဖန်တီးပြီး တုံ့ပြန်ဖို့အတွက်ကိုတော့ နှလုံးသားကို ခိုင်းစေပါတယ်။ ဒါပေမယ့်လည်း တစ်ချို့လေ့လာမှုတွေမှာတော့ နှလုံးဟာ တစ်ခါတစ်လေ ဦးနှောက်ကို ပြန်ပြီး ဆန့်ကျင်တတ်ပါသတဲ့။

ရှိတ်စပီးယားကတော့ "အချစ်ဆိုတာ ရူးသွပ်မှု အသေးစားတစ်ခုပဲ" လို့ ဆိုခဲ့တယ်။ အချစ်က လူတွေကို ခွန်အားလည်း ဖြစ်စေသလို ဘယ်လိုမှ မထင်ထားတဲ့ အရာတွေကိုလည်း လုပ်ဖို့ တွန်းအားပေးနိုင်တယ်။ အချစ်ဟာ ဦးနှောက်ကပဲလာလာ၊ နှလုံးသားကပဲလာလာ လူသားတွေဖြစ်နေသရွေ့တော့ ချစ်နေကြရဦးမှာပဲ။ တစ်ခါတစ်လေ အချစ်ကြောင့် ပျော်ရမယ်၊ တစ်ခါတစ်လေတော့လည်း ငိုကြရမယ်ပေါ့။

တစ်ခုပဲရှိတယ်။ ဦးနှောက်ဟာ တစ်ခါတစ်လေ အချစ်ကို အစစ်အမှန်လားဆိုတာ မခွဲနိုင်ပါဘူး။ ခံစားမှုကောင်းစေတဲ့ Dopamine ကို ဖြစ်စေတဲ့အရာတွေဟာ ဦးနှောက်ကို လှည့်စားတယ်။ အထိအတွေ့တွေ၊ ရုပ်အသွင်အပြင်တွေကလည်း လူတွေကို လှည့်စားတတ်တယ်။ သူက ကိုယ့်ကို ဂရုစိုက်ရတဲ့အခါ ပျော်ရတယ်၊ ခံစားမှုကောင်းစေတယ်။ ကိုယ်သဘောကျတတ်တဲ့ အရည်အချင်းလေးတွေ သူ့မှာ ရှိနေတဲ့အခါ ကိုယ်ကများ ချစ်နေပြီလားလို့ အထင်မှားမိစေတယ်။

သူ ကိုယ့်ကို မပျော်စေတော့တဲ့အခါကော? သူမှာ ကိုယ်သိပ်သဘောကျတဲ့ အရည်အချင်းတွေ မရှိတော့တဲ့အခါမျိုးဆိုရင်ကော?

တစ်ယောက်ယောက်ကို ချစ်တယ်လို့ ထင်လာရင် အဲ့လို တွေးကြည့်လိုက်ပါဦး။ လူတစ်ယောက်ဟာ ကိုယ့်ကို ပျော်စေသည်ဖြစ်စေ၊ နာကျင်စေသည်ဖြစ်စေ ချစ်ပါဦးမလား? တစ်ချို့တွေက တကယ်ကို နာကျင်ရပေမယ့်လည်း ချစ်ကြတယ်။ အဲ့ဒီလူတွေဟာ တကယ်ကို ကံဆိုးကြတယ်။ ကိုယ့်ကို နာကျင်လာစေပေမယ့်လည်း ချစ်နေတုန်းပဲ။

ကဲပါ၊ အဲ့ဒါတွေ ထားလိုက်ပါတော့။ သိပ္ပံပညာနဲ့ မတိုင်းတာဘဲ အချစ်ကို ဆန်းကြယ်မှုတစ်ခုအနေနဲ့ ခံယူထားတာ ပိုကောင်းပါတယ်။ ကိုယ်သိပ်သဘောကျတဲ့သူ၊ ကိုယ်တကယ်ချစ်တယ်လို့ ထင်တဲ့သူကို ကိုယ်မချစ်မှန်း ဖြည်းဖြည်းချင်း သိလာတဲ့အခါ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်။

တကယ်ကို အချစ်နဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ၊ အကြွင်းမဲ့ချစ်ခြင်းနဲ့ လူတစ်ယောက်ကို ချစ်လာတဲ့အခါ၊ အဲ့ဒီသူဟာ ကိုယ့်ကို နာကျင်စေမယ့်သူ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။

စစ်မှန်တဲ့အချစ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ တစ်ယောက်ရဲ့ အိပ်မက်တွေကို တစ်ယောက်က နားလည်ထောက်ပံ့နေတဲ့ အချစ်မျိုး။ ဒဏ်ရာတွေဖြစ်လာတဲ့အခါ ကုသပေးတဲ့ အချစ်မျိုးဟာ ရှားပါတယ်။

"အချစ်စစ်ဆိုတာ ဘဝမှာ ပိုင်ဆိုင်ခွင့်ရဖို့ အရှားပါးဆုံး ဇိမ်ခံပစ္စည်းတစ်မျိုးပါပဲ။"
AI

Soe Lwin Htun

ownder